Wednesday, October 3, 2012

Tuesday, October 2, 2012

MOTHER'S LOVE


“စာမျက်နှာတိုင်းရဲ့ မာတိကာ...”
(သို့)
အမေ

အမေ...
ကြားနိုင်ရဲ့လား...
ပွန်းပဲ့နေတဲ့ လက်တွေနဲ့
ကိုင်ထားတဲ့ ခပ်နဲ့နဲ့
ကျွန်တော့်ချီးကျူးသံတွေ...
အမေပျိုးခဲ့တဲ့ ကျွန်တော်နေ့ရက်တွေ
အခု...
ကဗျာတစ်ပုဒ်နဲ့ (မထိုက်မတန်)
ဂုဏ်ပြုရတော့မယ်...
အမေ...
မြင်နိုင်ရဲ့လား...(ဖတ်ပေးပါ)
.............................
အမေ...
ဆိုတာ...
ပုခက်လွှဲတဲ့ လက်စောင်းတစ်ဖက်နဲ့ပဲ
ကမ္ဘာကြီးကို ပုံသွင်းတဲ့သူ...
ကနေဒီ...
အိုင်းစတိုင်း...
အိုဘားမား...
သောမတ်(စ်)အက်ဒီဆင်...
ရိုက်ညီနောင်...
အမေသိရဲ့လား...
သူတို့တွေကို အမေတို့လို
အမေတွေကပဲ မွေးဖွားပေးခဲ့တာ...
ဒါကြောင့်...
အမေတို့လို အမေတွေကပဲ
ကမ္ဘာကြီးကို ပဲ့ကိုင်ခဲ့တာ...
ဟစ်တလာ...
အမေသိရဲ့လား...
လက်ရှိကမ္ဘာကြီးကို ဦးဆောင်နေတဲ့
အမေရိကန်ကို ထိပ်ထိပ်ကျဲဖြစ်အောင်
အမေတို့လို အမေတွေကပဲ...
အမေရိကန်ကို ဒုတိယကမ္ဘာကြီးထဲ ဆွဲသွင်းလိုက်တာ...
အမေတို့ရဲ့ စွမ်းဆောင်မှုပါပဲ...
..............................
အမေ...
အမေကြားရဲ့လား...
ကမ္ဘာကြီးက အမေတို့လို အမေတွေကို
ဂုဏ်ပြုထောမနာချီးမွမ်းနေကြတာ...
အမေသာ ဆက်နားထောင်မယ်ဆိုရင်...
သူတို့ပြောတာကို အမေကြားသင့်တယ်...
အမေဟာ လောကကြီးမှာ
ဒုတိယဘုရားရယ်... လို့...။...
...........................
အမေ...
အားရဲ့လား...
ငရဲပြည်ကို တစ်ချက်လောက်ငေးကြည့်ဖို့...
အားရင် တစ်ချက်လောက်...
လက်ကမ်းလိုက်ပါ...
အမေ...
အမေတို့လို အမေတွေကို
စော်ကားပြစ်မှားခဲ့တဲ့ သားမိုက်၊
သမီးဆိုးတွေ၊။... နားလေးကို တစ်ချက်ငဲ့လိုက်ရင်လည်း
သူတို့တွေရဲ့ အမေတို့လို အမေတွေဆီကို
တောင်းပန်အသနားခံသံတွေ
ကြားရင်ကြားရမှာ...
................................
အမေ...
အတုဆိုတာကို သုံးဖူးရင်...
အတုဆိုတာ အစစ်လောက်မကောင်းဘူးဆိုတာကို
အမေသိမှာပါ...
တခါတလေများဆိုရင် မကောင်းရုံမကဘူး..
ဆိုးကျိုးတောင်ပေးလိုက်သေး...
ခေတ်ပညာကြီးကို
အမေတခါတလေ ဩချမိမှာပါ...
ပူလို့တဲ့ အဲယားကွန်းဆိုပြီး
တပ်ထားတာ...
ဘာမဆို အစစ်လောက်မကောင်းပါဘူး အမေ...
နှလုံးအစားထိုးတာတဲ့အမေ...
အစစ်လောက်လည်း မကောင်းဘူး..
ဆိုးကျိုးပါပေးတတ်သေး...
(နှလုံး)မရှိတော့လည်း အသက်ရှင်ရတာ...
သုည...
အမေ...
အမေဟာ ကမ္ဘာကြီးရဲ့ နှလုံးသား...
..........................
အမေ...
ဆုတောင်းပေးလိုက်စမ်းပါ...
အမေ့သားတွေ ဦးဆောင်မယ့်
ကမ္ဘာကြီးအတွက်...
တောင်တွေကို ဖြိုနိုင်တဲ့
အမေ့မေတ္တာနှုတ်ချိုစကားတွေနဲ့...။...
........................
အမေ...
ကမ္ဘာတည်သ၍ မျက်ရည်ကင်းကင်းနဲ့
အပြုံးအမြဲ
(ပန်းတစ်ပွင့်ရဲ့ နုဝတ်မှုန်သစ်လို)
လှပရွှင်လန်းနိုင်ပါစေ...
အမေ...
“အမေရေးတဲ့ ကဗျာ...”

အမေ...
ကျေးဇူးပြုပြီး
ကမ္ဘာကြီးထဲက မထွက်ခွာသွားပါနဲ့နော်...
အမေမရှိရင်...
ကျွန်တော့်နားတွေ ခါးစေပြီး
ဘဝကို ချိုစေမယ့်သူ
နောက်ထပ်အစားထိုးမရမှာစိုးလို့ပါ...
...........................
အမေ...
ကျေးဇူးပြုပြီး
အမေ့မျက်ရည်တွေ ဖွက်မထားပါနဲ့နော်...
သား မိုက်လို့ ငိုရတဲ့ အမေ့အတွက်
နောင်တစ်ချိန် ဝမ်းသာမျက်ရည်နဲ့
အစားထိုးချင်လို့ပါ...။...
.........................
အမေ...
ကြယ်တွေကို ရည်တွက်ပါ...
အလားတူ...
ကျွန်တော်ပြန်လာမယ့်နေ့တွေကို
ရည်တွက်ပါ...
ကျွန်တော်ပြန်လာမယ့်နေ့က
အမေကြယ်တွေရည်လို့ ကုန်တဲ့နေ့
ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့...
ကျွန်တော်လိမ္မာတဲ့နေ့က
အမေနဲ့ ဝေးရလို့(အမေ့စကားသံတွေနဲ့)
အခုမျက်မှောက်မှာ...
အဝေးကနေ...
အမေ...
ဘဝကဗျာခါးခါးတစ်ပုဒ်နဲ့
အမေ့ရင်ချိုအောင် လုပ်ခွင့်ပေးပါ....
ဒိုင်ယာလော့(ဂ်)တွေကတော့
အမေကြားဖူးနားဝအမေ့
ဒသနတွေပါပဲ...
......။…….….။..


“အမေ(တစ်နည်းနည်းနဲ့) ဖတ်ပေးပါ..နားထောင်ပေးပါ”
အမေ…
ကျွန်တော်လေ…
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
(ထိုင်နေ)ရှိနေချင်တယ်…။….
………………….
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်…
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ…
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ…။…
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ…။…
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်…
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်…။..
ဒါပေမဲ့ဗျာ…
တစ်ခုတော့ ခွင့်လွှတ်ပါ…
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ…
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့…
………………………..
ဘာပဲဖြစ်ဖြစ်အမေရယ်…
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ…
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ…
မတောင်းဆိုရဲပါဘူး…
ကျွန်တော်သိတယ်…
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ…
ဒါကြောင့် အခုကျွန်တော့်အဖြစ်က…
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ…
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။…
ဒီတော့…
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း…
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ…
ငှက်တစ်ကောင်လို…
တိမ်တိုက်တစ်ခုလို…
ဘာကိုမှ မပွေ့ပိုက်ထား…
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့…
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
…………………………….
အမေတစ်ယောက်ကြားနိုင်စေ…





မင်္ဂလာပါ...
အမေတွေကို တတ်သည်မတတ်သည်မဟုတ်ဘဲနဲ့ ကျွန်တော့်ရဲ့ ဂုဏ်ပြုမှုလေးတွေပါ...။ အမေတွေ ကြီးမြတ်ပုံကို ပြောရရင် စကားကြီး စကားကျယ်တွေပဲ ထပ်ခါထပ်ခါပါလာမှာ...။ နောက် ပြောမဆုံးပေါင်တောသုံးထောင်ပေါ့...။ အမေတွေက ကျွန်တော့်ကဗျာတွေနဲ့ ချီးမြှင့်တာထက်ကို ပိုပြီးတော့ ကြီးမြတ်တယ်...။ ဂုဏ်ပြုထိုက်တယ် ဆိုတာတွေ အားလုံးအသိပါ...။ ဒါပေမဲ့ ကဗျာခံစားတတ်သူတိုင်း အမေများကို ခံစားမှုနဲ့ပဲ(အသေးဆုံးအရာလေးပဲဖြစ်ဖြစ်)ဂုဏ်ပြုရင် ကဗျာတွေရေးတဲ့ ကျွန်တော်ရေးရကျိုးနပ်ပါတယ်...။
ဝေဖန်စာ၊ အကြံပေးစာတွေကို John.lianno@gmail.com ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်…။ နောက် ကျွန်တော့်စာတွေကို http://lianno.wordpress.com/ http://johnlianno.blogspot.com/ တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်…။
လေးစားစွာဖြင့်
JOHN LIAN (လျံနိုး)
ခေတ္တမနီလာ
(၉၊ ၅၊ ၂၀၁၀ နေ့အတွက် အမေများအား လျံနိုးဂုဏ်ပြုပါသည်)

PMCF Leaders For 2012



Lun Khai                  President
Yaku Maloung          Vice president
Khar Ling                Secretary
Thin Nun Mawi        Asst. Secretary
Khin San Htwe        Treasurer
Kyi Kyi Zin             Asst. Treasurer


Members

Bei Rona
Van Ivan
Moses
Thang Khua Khai

Advisors

Dr. Dennis Shu Maung
Dr.  Seing Raw
Saya Thawng Hei
Saya Mawia